ဘောဂလိ မေ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး သဘာဝ ရေမြေကောင်းမွန်မှုကြောင့် ကျေးရွာအများအပြားရှိ သစ်ပင်ကြီးများတွင် သဘာဝပျားအုံများ စွဲကပ်လျက်ရှိရာ ဒေသနေပြည်သူများသည် သဘာဝပျားရည်စစ်စစ်များ ဖွတ်ယူရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေသအတွင်းရှိ ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကို သာရောင်းချသည့်အတွက် ယခုအချိန်တွင် ဒေသခံပျားဖွတ်တောင်သူများက တောတောင်ထူထပ်သည့်နေရာများမှ သစ်ပင်ကြီးတွင် စွဲကပ်နေသည့် ပျားအုံများကို တွေ့ရှိရပြီး အဆိုပါ ပျားအုံများမှ သဘာဝပျားရည်များကို ဖွတ်ယူကာ ပျားရည်ဝယ်ယူသိုလှောင်သူများထံသို့ ရောင်းချကြောင်း၊ ယမန်နှစ်က ပျားရည်တစ်ပုလင်းလျှင် ငွေကျပ်(၄၀၀၀)ဖြင့် ရောင်းချရာမှ ယခုနှစ်တွင် (၇၀၀၀)ထိရောင်းချရကြောင်း ပျားရည်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
မူးလားလာ(ပြန်/ဆက်)