မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

အထက်မင်းလှ မေ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ရုံးရပ်မြောက်ပိုင်းဦးကင်းဘုရားဓမ္မာရုံ၌ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးမှာ Sinopharm ဖြစ်ပြီး မြို့နယ်အတွက်‌ ဆေးအလုံးရေ(၁၀၀)လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်ပြီး၊ လူဦးရေ(၅၀၀)ဦးထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)