ကန်ကြီးထောင့် မေ ၅
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ကျုံပဒုတ်ကျေးရွာအုပ်စု ကျုံပဒုတ်ကျေးရွာဝီသုဒ္ဒါရုံ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးစိုးကြည် ဦးဆောင်သည့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးချိတ်မီးကပ်များတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ် အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်ရေး၊ Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာသက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
မဇင် (ပြန်/ဆက်)