တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်ခဲ့ပုံ အဆင့်ဆင့်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်တွင်းကြီး မေ ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်ခဲ့ပုံ အဆင့်ဆင့်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းတို့က မြန်မာ့ရုပ်ရှင်နေ့ဖြစ်ပေါ်လာပုံ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်ခဲ့ပုံ အဆင့်ဆင့်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခဲ့သည့် နေရာများ၊ ဆုချီးမြှင့်ခြင်း မပြုနိုင်သည့် နှစ်များ၊ တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခဲ့ပုံများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြည်သူများ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)