ကလေးဝ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားဖူဆယ်ပြိုင်ပွဲကွင်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများက နိုင်ငံတော်အလံကို အလေးပြုကာ အားကစားသစ္စာအဓိဋ္ဌာန်များကို ရွတ်ဆိုခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကားကို ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် Star Light အသင်းနှင့် တောပန်းလေးများ အသင်းတို့ ယှဥ်ပြိုင်ကစားကြသည်များကို တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း (၁၀)သင်း ပါဝင်ယှဥ်ပြိုင်ကြမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်