ကန့်ဘလူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လေဘေးသင့် ပြည်သူ များအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ကန့်ဘလူ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားသော ကျေးရွာပြည်သူများထံ ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က ထောက်ပံ့ ငွေပေးအပ်သည့် ပုံစံများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လေပြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သည့် မှော်တော်ကျေးရွာ၊ ငါတို့ကျေးရွာ၊ ချပ်ကြီးကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာရသူ ဆရာတော်နှင့် ကန့်ဘလူမြို့ အမှတ်()ရပ်ကွက်မှ မီးဘေးသင့်နေအိမ်တို့အတွက် ထောက်ပံ့ငွေ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများထံ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မတ် ၁၅ ရက်က ချပ်ကြီးကျေးရွာမှ မိုင်းနင်းမိ၍ဒဏ်ရာရသူ ဆရာတော်အား ကျပ် ၅၀၀၀၀၊ ဧပြီ ၁၁ ရက်က ကန့်ဘလူမြို့ အမှတ်( )ရပ်ကွက်မှ မီးဘေးသင့်နေအိမ် တစ်လုံး၊ မိသားစုသုံးဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၂၀၆၃၀၀၊ ဧပြီ ၂၂ ရက်က မှော်တော်ကျေးရွာမှ လေပြင်းဒဏ်သင့် နေအိမ် ၃၆ လုံး၊ လူဦးရေ ၁၇၁ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၂၁၅၉၁၀၀၊ ငါတို့ကျေးရွာမှ လေပြင်းဒဏ်သင့် နေအိမ်တစ်လုံး၊ လူဦးရေ နှစ်ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့်အိမ် ဆောက်ပစ္စည်းဖိုး ကျပ် ၅၄၂၀၀တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)