လေးမျက်နှာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သောင်စုကျေးရွာမှ စတင်ကာ စစ်ကုန်းကျေးရွာအထိ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်ကျော် တစ်ရက်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပခဲ့သည်။
အဆိုပါ လောင်းလှူပွဲတွင် သံဃာ(၆၁၉)ပါး၊ သီလရှင်(၂၅)ပါး စနေပတ်၊ အင်္ဂါပတ်နှင့် ရွှေကြက်ကျ အကျိူးတော်ဆောင် အဖွဲ့များမှ (၃၆)ဦး ပါဝင်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လေးမျက်နှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သူ မြို့နယ်သားများ စုပေါင်းကာ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထူပစ္စည်းများကို လောင်းလှူခဲ့ကြသည်။ လေးမျက်နှာ မြို့တွင် နှစ်စဥ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တိုင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပခဲ့ ရာ ယခုနှစ်တွင် ၂၉ ကြိမ်မြောက်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)