ကဆုန်လပြည့်နေ့၌ အမာမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ကုသိုလ်ကောင်းမှုများပြုလုပ်

အမာ မေ ၄

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင် နိုင်ငံအနှံ့အပြားမှ ဗုဒ္ဓဘာသာနွယ်ဝင်အပေါင်းတို့မှ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် အတူ ကောင်းမှုကုသိုလ်အစုစုအား ပြုမူဆောင်ရွက်ကြရာ ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကဆုန်ညောင်ရေသွန်း ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကဆုန်ညောင်ရေသွန်းပွဲတော်ကို အမာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဒက္ခဏာရာမကျောင်းတိုက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်သည့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့မိ/မြို့ဖများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ ပါဝင်သည့် အင့်အား(၂၅ဝ)ခန့်သည် စီတန်းနေရာယူပြီး အမာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဥတ္တရာရုံ ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း၊ ကျောင်းထိုင်ဆရာတော်ထံမှ ဩဝါဒခံယူခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များမှ မီးသတ်စက်များဖြင့် ဘုရား၊စေတီများအား ရေသပ္ပါယ်ခြင်းနှင့် ညောင်ရေသွန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍  မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်သည့် အဆိုပါ အဖွဲ့သည် အမာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဒက္ခဏာရာမကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကျောင်းထိုင် ဆရာတော်ထံမှ ဩဝါဒခံယူခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့မီးသတ် စခန်းမှ တပ်ဖွဲ့ဝင်များမှ မီးသတ်စက်များဖြင့် ဘုရား၊ စေတီများအား ရေသပ္ပါယ်ခြင်းနှင့် ညောင်ရေသွန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး  မြို့အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်နှင်းယုဝေ ဦးဆောင် သည့် ဝတ်အဖွဲ့မှ ယင်းကျောင်းတိုက်အတွင်းရှိ ဘုရားစေတီများနှင့် ဆရာတော်သံဃာတော် များအား အချိုရည်ဆက်ကပ်ခြင်း၊ ဓမ္မစင်္ကြရွတ်ဖတ်ပူဇော်ခြင်းနှင့် မေတ္တာပို့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကျော်ကျော်အောင်