ဒေးဒရဲ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ကိုယ်စားပြု ရွေးချယ်ခံရသည့် လူရည်ချွန်မောင်မယ်များအား နိုင်ငံတော်မှ အပန်းဖြေ လေ့လာရေးခရီးစဥ်အဖြစ် စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် Grade(10) ကျောင်းသူ မယွန်းခင်မင်းမြတ်အောင်နှင့် Grade(9) ကျောင်းသား မောင်ဇွဲထက်စံတို့အား မြို့နယ်ပညာရေးမှူး ဦးလှစိုး ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့သူ၊ မြို့သားများက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်မောင်မယ်များကို နိုင်ငံတော်က တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက လူရည်ချွန်မောင်မယ်များအား အချင်းချင်းရင်းနှီးမှု ရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသန္တရ ဗဟုသုတများ ဖလှယ်၍ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးအတွက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်စသည့် လူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဥ် စေလွှတ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မိမိတို့နေထိုင်ရာ မြို့သို့ ပြန်လည် ရောက်ရှိလာရာ မြို့နယ်သူ၊ မြို့နယ်သားများက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်း သိရသည်။
အေဇာလင်း