ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး

ကေ့ာကရိတ် မေ ၄

 ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်--၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီချိန်က အိမ်အပြင်ထွက် သွားလာကြသည့် ပြည်သူများအား  mask နှာခေါင်းစည်း တပ်ဆင်၍ သွားလာကြရေးအတွက် mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့မစျေးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အိမ်အပြင်ထွက်သွားလာနေကြသည့် ပြည်သူများအား mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ သွားလာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်တို့မှ အိမ်အပြင်ထွက် သွားလာကြသူများ၊ စျေးရောင်း စျေးဝယ်သူများအား mask နှာခေါင်းစည်း တပ်ဆင်၍သွားလာရေး အသိပေးနှိုးဆော်ပြီး mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)