ဘောဂလိမြို့တွင် ရာသီပေါ်ဒူးရင်းသီးများဈေးကောင်းရရှိ၍ မိသားစုများအဆင်ပြေ

ဘောဂလိ   မေ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသတွင်း စားသုံးမှုများပြီး လူကြိုက်များသည့် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဒူးရင်း သီးများ ဈေးကောင်းရရှိ၍ ဒေသနေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါနှစ်ရှည်သီးနှံပင်ဒူးရင်းပင်သည် ရာသီဉတုနှင့် သဘာဝတောတောင်ရေမြေအနေအထားအရ သဘာဝအတိုင်းတော်တောင်ခြံမြေများ၍ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်ဒူးရင်းသီးသီးနှံပေါ်ချိန်တွင် ဒေသခံဒူးရင်းခြံရှင်တောင်သူများ ဝင်ငွေများစွာရရှိလျက်ရှိရာ ယခင်နှစ်တွင် အသီးအရွယ်အစား ပေါ်မူတည်၍ တစ်လုံးလျှင်ငွေကျပ်(၃၀၀၀)မှ (၅၀၀၀)နှုန်းဖြင့် ရောင်းဝယ်ကြပြီး ယခုနှစ်တွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ဘောဂလိမြို့တွင်ထွက်ရှိသော ဒူးရင်းသီးများမှာ တောတောင်ခြံမြေများတွင် သဘာဝအတိုင်းသာ စိုက်ပျိုးရှင်သန်ကြီးထွားဖြစ်ထွန်းမှုကြောင့် စားသုံးသူများစွာကြိုက်နှစ်သက်လေ့ရှိပြီး နှစ်စဉ်ရောင်းဝယ်မှုများ ပိုမိုအားကောင်းကာ ယခုအချိန်ရောက်ပြီဆိုရင် ဒူးရင်းစိုက်ပျိုးသူများနှင့် ရောင်းဝယ်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အကျိုးအမြတ်များစွာရရှိချိန်လည်းဖြစ်ကြောင်း ဒူးရင်းသီးစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

မူးလားလာ(ပြန်/ဆက်)