အောင်လံမြို့နယ်၌ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ (၁၂၉) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

အောင်လံ မေ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၊မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်တို့၏ ဦးဆောင်မှုဖြင့် (၁၂၉)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ ညနေ ၃ နာရီအချိန်မှ ၆ နာရီအချိန်ထိ ကန်ကြီးရပ်ကွက်၊ သိမ်ကုန်း ဓမ္မာရုံရှေ့ အလယ်လမ်းမှစ၍ အောင်လံ-ပြည် ကားလမ်း ဘေး ဝဲယာများတွင် ကျင်းပပြုလုပ်ခဲ့ရာ  (၁၂၉)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ ဘုန်းတော်ကြီးကျောင်း (၁၃၀)မှ ဝါဆိုသံဃာ (၁၂၆၉)ပါး ၊သီလရှင် စာသင်တိုက်၊ သီလရှင်စာသင်တိုက် (၂၇)တိုက်မှ သီလရှင်(၂၄၀)ပါးနှင့် ဖိုးသူတော်(၁၁)ပါး၊ စုစုပေါင်း သံဃာ၊သီလရှင် (၁၅၂၀)ပါးတို့အား အောင်လံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်တို့မှ ဆွမ်းဆန်တော်တင်း(၃၀၀၀) ကျော်နှင့်ဆီ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို လောင်းလှူခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစည်းစုစုပေါင်း ကျပ်သိန်းပေါင်း (၂၅၀၀)ကျော်ဖိုးခန့် ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)