ကလိန်အောင်မြို့၌ ကဆုန်လပြည့်(‌ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ

ကလိန်အောင် မေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၌ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ ကဆုန်လပြည့်‌ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်‌နေ့  ညနေ ၃ နာရီ က ကလိန်အောင်မြို့ အထင်ကရဘုရားတစ်ဆူးဖြစ်သော သမိုင်းဝင်ရှင်ကိုးရှင် ဆု‌တောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး တောင်ပေါ်တွင်ရှိသော မဟာဗောဓိညောင်ပင်ကြီးကို ရေသွန်းလောင်းလှူဒါန်းခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦး‌အောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကလိန်အောင်မြို့ ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ရေသပ္ပယ်ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်နှင့်တိုက်ရိုက်ဆက်စပ်နေ၍ မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခဲ့ခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)