အိမ်မဲမြို့နယ်အတွင်း စေတီ၊ ပုထိုးများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ညောင်ရေသွန်းလောင်း ကြသူများဖြင့် စည်ကားလျက်ရှိ

အိမ်မဲ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း စေတီ၊ ပုထိုးများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ညောင်ရေသွန်းလောင်းကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ စတုဒီသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ကဲသို့ ညောင်ရေသွန်းလောင်းပွဲများ ကျင်းပရာမွန်းလွဲ ()နာရီတွင် ကန်ကြီးဒေါင့်ကျေးရွာရှိ ရေယာဥ်ဦး စေတီတော်အတွင်း၌လည်းကောင်း၊ မွန်းလွဲ ()နာရီတွင် အိမ်မဲကြီးရပ်ကွက် ()လမ်းရှိ​ ဗောဓိညောင်ပင်တွင်လည်းကောင်း၊ ညနေ ()နာရီတွင် အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားဝန်းအတွင်းရှိ​ ဗောဓိညောင်ပင်တွင်လည်းကောင်း ညောင်ရေသွန်းပွဲများကို ကျင်းပရာ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ညောင်ရေသွန်းလောင်းခဲ့ကြသည်။

အိမ်မဲမြို့နယ်အတွင်းစေတီ၊ ပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ ညောင်ရေသွန်းလောင်း ကြသူများအား မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်းစေတနာရှင် ပြည်သူ​အပေါင်းက စတုဒီသာ မျိုးစုံဖြင့် ကျွေးမွေးတည်ခင်းလျက်ရှိသည်။

ချစ်သက်လယ်(အိမ်မဲ)