မအူပင် မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ သာသနာနှစ် ၂၅၆၇ ခုနှစ်၏ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေ သွန်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ် အတွင်းရှိ ဘုရားဖူးပြည်သူများက မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ညောင်ရေသွန်းလောင်း ကုသိုလ်ယူပူဇော်ခြင်းနှင့် စေတနာရှင်/ အလှူရှင်များက စတုဒိသာများ ကျွေးမွေးဧည့်ခံလှူဒါန်းခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)