မြောင်းမြအကျဥ်းထောင်မှ အကျဥ်းသား ၄ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

မြောင်းမြ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် မြောင်းမြအကျဥ်းထောင်မှ အကျဥ်းသား (၄) ဦးအား  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အခမ်းအနားကို မြောင်းမြအကျဉ်းထောင်၏ မြဧရာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ရွှေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်စိုး၊ စခန်းမှူး ဒုရဲမှူး ဇင်ကိုကို၊  မီးသတ်ဦးစီးဌာန၊ သတင်းတပ်ဖွဲ့ဌာနတို့မှ တာဝန်ရှိသူများက  တက်ရောက်ခဲ့ကြပြီး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်တို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ အကျဥ်းသား ()ဦးတို့အား  ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃--၂၀၂၃ ရက်စွဲ ပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၃) ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/ အကျဥ်းသူတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်အပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)