ဝါးခယ်မမြို့နယ်တွင် ကဆုန်လပြည့်နေ့ နေ့ထူးအခါသမယ၌ ရှင်ဥပဂုတ်တမ‌ထေရ်မြတ် ဖောင်တော်မျှောခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း၊ ဆွမ်းဆန်‌တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီခွဲအချိန်မှစ၍ ကဆုန်လပြည့်နေ့ နေ့ထူးအခါသမယ၌ ရှင်ဥပဂုတ်တမ‌ထေရ်မြတ်ဖောင်တော်မျှောခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း၊ ဆွမ်းဆန်‌တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီဦးဆောင်၍ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက် အကြိုတော်ဆိပ်တွင် ကဆုန်လပြည့်နေ့ထူး အခါသမယ၌ ရှင်ဥပဂုတ်တမထေရ်မြတ် ဖောင်တော်မျှောခြင်းမင်္ဂလာအခမ်းအနား ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်ပြည်သူများမှ စာရေးကုန်းရပ်ကွက်ရှိ သကျမဟာသီရိဘုရားကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း၊ သံဃာတော်အပါး(၂၇၀)အားဆွမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခြင်း၊ သီလရှင်အပါး (၉၀)နှင့် အဘိုးအဘွား (၁၈၀)ဦးအား လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ သံဃာတော်နှင့် သီလရှင်များအား နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပြည်သူ(၂၅၀)ဦးအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)