ပိုင်ကျုံ မေ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်အား ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပရာ ကဆုန်လပြည့်နေ့ ယမန်နေ့ ညနေပိုင်းက ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်၏ ပရဝုဒ်အတွင်းရှိ ဗောဓိပင်အား ဌာဆိုင်ရာများ၊ မြို့နေဗုဒ္ဓဘာသာဝင် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကဆုန်ညောင်ရေ သွန်းလောင်းပွဲတော်အား ကျင်းပရာတွင် ပိုင်ကျုံမြို့ ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် ဌာနဆိုင်ရာများ၊ ဥပဿကာများ၊ ဂေါပကအဖွဲ့များက သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် စေတီတော်အား လက်ယာရစ်သုံးပတ်လှည့်လည် ပူဇော်ကြကာ စေတီတော်ပရဝုဒ်အတွင်း စိုက်ပျိုးထားသည့် ဗောဓိပင်အား ကဆုန်လ၏ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ သွန်းလောင်းပူဇော် ခဲ့ကြခြင်းသည်။
အဆိုပါ လမြတ်ကဆုန်၏ မြန်မာရိုးရာဆယ်နှစ်လရာသီပွဲတော်တစ်ခုဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲအား ပိုင်ကျုံမြို့တွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိပြီး ညောင်ရေ သွန်းလောင်းပူဇော်ပွဲတွင် ကြွရောက်ချီးမြှင့်ပူဇော်သည့် ပြည်သူများအား အာဟာရဒါနစတုဒီသာဖြင့် ဧည့်ကျွေးမွေးခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)