မြဝတီမြို့ရှိတန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)၌ ဘုရားဖူးပြည်သူများနှင့် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကား

မြဝတီ မေ

ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန်စံသောနေ့ထူးနေ့မြတ် ဖြစ်သည့်အားလျော်စွာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌ ယနေ့နံနက်ပိုင်းအချိန်တွင် ဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်း၊ အမွှေးနံ့သာများ ဆပ်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ ည​နေခင်းအချိန်တွင်လည်း မြဝတီမြို့ ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၊ မိကျောင်းကုန်းဘုရား၊ ဓိဌာန်အောင်စေတီတော်၊ ရွှေတိဂုံပုံတူမဟာကနကစေတီတော်တို့တွင် ရပ်နီး/ရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်နှလုံးအေးချမ်းတည်ငြိမ်စွာဖြင့် ကုသိုလ်ဘာဝနာတရားပွားများအား ထုတ်သူများပြားလျက်ရှိသကဲ့သို့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ ကုသိုလ်ယူကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)