ပေါင်းတည် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ တစ်ရပ်ဖြစ်သော ညောင်ရေသွန်းလောင်းပွဲတော်ကို ယနေ့ နံနက် ၉နာရီက မြို့မရိပ်သာ ကျောင်းတိုက်ဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အဆိုပါ ညောင်ရေသွန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော ရပ်သူ ရပ်သား ညောင်ရေသွန်းအဖွဲ့များ စုပေါင်း၍ ကျောင်းတိုက်ဝင်းအတွင်းရှိ ဗောဓိညောင်ပင်အား ဗုဒ္ဓအမှီပြု၍ ပွင့်တော်မူရာ နေရာအဖြစ် ရည်မှန်းကာ ဗောဓိညောင်ပင်နှင့် အတူ သာသနာတော်ကြီး အမြဲရှင်သန်ပွင့်လန်းစေရန် ရည်ရွယ်၍ ညောင်ရေများ သွန်းလောင်းကြကြောင်းနှင့် အလားတူ မြို့နယ်အတွင်းရှိ ရပ်ရွာအသီးသီးရှိ ဘုရားကျောင်းကန်စေတီပုထိုးများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရပ်ကွက်နှင်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ရပ်ရွာပြည်သူများက စုပေါင်းအားဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း ၊စတုဒီသာအလှူများ လှူဒါန်းခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)