ကျောင်းကုန်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လ ပြည့် (ဗုဒ္ဓနေ့) ယနေ့နံနက် ၇ နာရီအချိန် ကျင်းပရာ အမှတ်(၁)ရပ်ကွက် မိုဃ်းကောင်းပရိယတ္တိစာသင်တိုက်မှ စတင်ကြွချီခဲ့ကြပြီး၊ ရတနာပုံလမ်းတလျောက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ သစ်ဆိမ့်ကုန်းဘုန်းတော်ကြီးကျောင်းအထိ ကြွရောက်အလှူခံတော်မူမည်ဖြစ်သည်။
ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်မှ ဘုန်းတော်ကြီးကျောင်း (၂၆)ကျောင်းနှင့် သီလရှင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၂၇)ကျောင်းမှ သံဃာတော် (၁၂၉)ပါး၊ သာမဏေ(၁၀၁)ပါးနှင့် သီလရှင်(၅၂)ပါး၊ စုစုပေါင်း(၂၈၂)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေအလှူရှင်များမှ ဆွမ်းဆန်တော် (၉၄)အိတ်ခန့်နှင့် လှူဖွယ်ဝတ္ထုငွေ စုစုပေါင်း(၆၄)သိန်းကျော် လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)