ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်လုံးချုပ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကန်ကြီးထောင့်     မေ   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်လုံးချုပ် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲအချိန်၌ အမှတ်()ရပ်ကွက် လောကမှန်ကူဆုတောင်းပြည့်စေတီတော်မြတ် ဘုရားဝန်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိ/ရပ်ဖများ၊ မြို့ပေါ်နေ ပြည်သူများမှ မြို့ပေါ်နေ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းများ စုပေါင်းလောင်းလှူခဲ့ကြပြီး ယနေ့ ကဆုန်လပြည့်နေ့တွင် သီရိမင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မဟာဗောဓိညောင်ပင်အား စုပေါင်း၍ ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ထူးခြားသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့်အားလျော်စွာ ကန်ကြီးထောင့်မြို့နယ် သူ/သားများအနေဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီတင်းသီလ စောင့်တည်ခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်ဖူးမြော်ခြင်း၊ စတုဒီသာများလှူဒါန်း ကျွေးမွေးခြင်း၊ ဇီဝိတဒါန ငါးလွတ်ပွဲများ ကျင်းပခြင်း စသည်တို့အား နေရာဒေသအသီးသီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)