ပဲခူး မေ ၃
ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားရာ ယနေ့သည်ဘုရားဖြစ်မည့် ဗျာဒိတ်တော်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန်ပြုရာနေ့ထူးနေ့မြတ် ဖြစ်သည့်အားလျော်စွာ ပဲခူးမြို့ရှိ ဘုရားပုထိုး၊ စေတီများ၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများမှ ကဆုန်ညောင်ရေသွန်းလောင်းခြင်း ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတွေကို ဆပ်ကပ်လှူဒါန်း ကုသိုလ်ကောင်းမှုများ ပြုလုပ် လျက်ရှိကြရာ အလွန်စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပဲခူးမြို့ရှိ ရွှေမော်ဓော၊ ရွှေသာလျောင်း၊ မဟာစေတီ၊ ကျိုက်ပွန်၊ ဟင်္သာကုန်း၊ ရွှေဂူကြီး၊ ရွှေဂူလေး၊ ကိုးသိန်းကိုးသန်း၊ အစရှိသည့် ဘုရားပုထိုး၊ စေတီများတွင်လည်း ဘုရားဖူးလာ ပြည်သူများကို စတုဒီသာအလှူအဖြစ် ကျွေးမွေးလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)