ဇေယျာသီရိ မေ ၃
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဇေယျာသီရိမြို့နယ်ရှိ တထောင့်ဝင်ကုန်း မိုးကောင်းစေတီ အနေကဇာတင်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တထောင့်ဝင်ကုန်း မိုးကောင်းစေတီတော်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မိုးကောင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမနှင့် ဆရာတော် အရှင်သူမြတ်များ၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဇနီး၊ မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မိုးကောင်း ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမနှင့် ဆရာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင်ခြင်း၊ တက်ရောက်လာသည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့သည်။ ယင်းနောက် မိုးကောင်းကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းနှင့် အမွှေးနံ့သာရေများပက်ဖျန်းပူဇော်ခြင်း၊ တထောင့်ဝင်ကုန်း မိုးကောင်းစေတီ တော်အား ရေသပ္ပာယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)