ဖျာပုံ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ မြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် (၇)နာရီအချိန်က ဖျာပုံမြို့ ပြည်လုံးချမ်းသာသာစည်ဘုရားကြီးဝန်းအတွင်းကျင်းပ ပြုလုပ်သည်။
အဆိုပါကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ ဖျာပုံမြို့ပေါ်ဘုန်တော်ကြီးကျောင်းပေါင်း (၆၀)ကျော်မှ ရဟန်း(၆၁၈)ပါး၊ သာမဏေ (၃၂၇)ပါးနှင့် သီလရှင်(၁၇၄)ပါး၊ စုစုပေါင်း(၁၁၁၉)ပါးတို့အား ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များအားဆက်ကပ်လှူဒါန်း တော်မူကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)