ကျိုက်လတ် မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)နေ့ နံနက်ပိုင်းက ရပ်တော်မူမြတ်စွာဘုရားကြီးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက်(၇)နာရီ၌ အမှတ်(၂)ရပ်ကွက်၊ (၂) ဖြတ်လမ်းရှိ ရပ်တော်မူမြတ်စွာဘုရားကြီးဝန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကျိုက်လတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၂)ကျောင်း မှ ဆရာတော်၊ သံဃာတော်(၅၃၄)ပါးနှင့် သီလရှင်(၃၅)ပါး၊ စုစုပေါင်း(၅၆၉)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား စည်ကားသိုက်မြိုက်စွာဖြင့် လောင်းလှူပူဇော်ခဲ့ပြီး နံနက်(၉)နာရီက အမှတ်(၄) ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရေဆိပ်၌ ဇီဝိတဒါနငါးလွှတ်ပွဲအဖြစ် ငါးခုံးမကောင်ရေ တစ်သိန်းကို မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)