မြို့သစ် မေ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်သော်သော်လှိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအားက ဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံပိုင်အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍအလိုက် စီမံကိန်းတာဝန်များကို အသီးသီးပေးအပ်ရာ သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)