ကဆုန်လပြည့်နေ့၌ ဘိုကလေးမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘိုကလေး မေ ၃

ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင် နိုင်ငံအနှံ့အပြားမှ ဗုဒ္ဓဘာသာနွယ်ဝင် အပေါင်းတို့မှ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့်အတူ ကောင်းမှုကုသိုလ်အစုစုအား ပြုမူဆောင်ရွက်ကြရာ ယနေ့နံနက် (၇)နာရီခွဲ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သည်။

ဆွမ်းဆန်ပွဲလောင်းလှူပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ဆန်စက်လုပ်ငန်းရှင်များ စုပေါင်းကာ ဌာန၊ ရပ်ကွက်အလိုက် ဘိုကလေးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း (၅၃)ကျောင်းမှ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်ကျောင်း (၁၂)ကျောင်းမှ သီလရှင်များ၊ စုစုပေါင်း(၆၅၅)ပါးအား ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား စည်ကားသိုက်မြိုက်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)