သာပေါင်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မေလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း ကြည့်ရှုအားပေး၍ အောက်စီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေးပြီး (၄၀)လီတာအိုးများ ဖြည့်တင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးနှင့်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့က မြို့နယ် ပြည်သူ့ဆေးရုံ၊ မိခင်ကလေးဌာနတွင် ကိုဗစ်ကာကွယ်ဆေး (Booster Dose) ထပ်ဆောင်းထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံတွင် (၄၀)လီတာအိုးများ ဖြည့်တင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း( သာပေါင်း ပြန်/ဆက်)