သာယာဝတီ မေ ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ၁၃၈၅ ခုနှစ်(ကဆုန်လပြည့်)နေ့ နံနက် ၈ နာရီက ညောင်ရေသွန်းပွဲတော် ကျင်းပခဲ့သည်။
ညောင်ရေသွန်းလောင်းရာတွင် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဟိုနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မင်္ဂလာအုတ်ကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်၊ လောကမာရ်အောင်ဘုရားအတွင်းရှိ ဗောဓိရွှေညောင်ပင်၊ ဖားကူးကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်တို့အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)