ရေတာရှည်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရေတာရှည် မေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန၊ Community Centre  ခန်းမ၌ ယမန်နေ့က အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် ၉ နာရီအချိန်တွင်လူထုအ​ခြေပြုဗဟိုဌာန၊ Community Centre  ခန်းမ၌ အခမဲ့ဖွင့်လှစ်ထားသည့် အ​ခြေခံအင်္ဂလိပ်စာသင်တန်း တက်​ရောက်နေ​သော သင်တန်းသားများအား အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပြီး နေ့လယ်  ၁ နာရီ အချိန်တွင် အခမဲ့ ဖွင့်လှစ်ထားသည့် အ​ခြေခံပန်းချီ သင်တန်းတက်​ရောက်နေ​သော သင်တန်းသား များအား ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်​ပေးခဲ့သည်။

ထို့​နောက်  နေ့လယ် ၂ : ၃၀  နာရီအချိန်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာ​ရေးမှူး ဒေါ်ခင် သက်ဦး၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆု​ဝေလွင်နှင့် ဆရာ၊ ဆရာမများ တက်​ရောက်၍  ဆုရရှိသူများအား အသီးသီးဆုများချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)