မုံရွာ မေ ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေး သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရငွေများရရှိမှသာ သုံးစွဲငွေများသုံးစွဲနိုင်မည်ဖြစ်ပြီး အခွန်ငွေများ တိုးတက်ကောက်ခံရရှိရေး တာဝန်ရှိ သူများ အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာန အချင်းချင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိ အောင် လိုအပ်သည့်ဝင်ငွေဖြစ်သည့် အခွန်အခများအား ဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝ ကောက်ခံရရှိအောင် သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်သည့် ယခုလမှစတင်၍ ကြိုတင်စီမံဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ လျာထားချက်ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင်လည်း အရှိန်အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေး ဆက်လက်ဆောင် ရွက်သွားရန်လိုသလို ပြည့်မီစွာကောက်ခံရရှိနိုင်ခြင်းမရှိသည့် ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း မိမိဌာနအဖွဲ့ အစည်းလျာထားချက်ပြည့်မီရေး ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အထူးကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုးမြှင့်လာသည့် လျာထားချက်များ ပြည့်မီစွာ ကောက်ခံရရှိနိုင်ရန်အတွက် ဆောင်ရွက်ရာတွင်လည်း အခွန်ပညာပေးဆောင်ရွက်ခြင်းများ အခွန်ပေးဆောင်မှုလွယ် ကူအဆင်ပြေအောင် စီမံဆောင်ရွက်ပေးခြင်းများအား ဝန်ဆောင်မှုဆောင်ရွက်ပေးမှ သာပြည်သူအများမှ ဥပဒေနှင့် အညီ ကြည်ဖြူစွာ အခွန်ပေးဆောင်လာကြမှာဖြစ်ပါကြောင်း၊ အခွန်ကြွေးကျန်များနှင့်ပတ်သက်ပြီး အမြန်ဆုံးပေးသွင်းနိုင်ရေး ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခြားသော အခွန်ကောက်ခံရသည့် ဌာနများ အနေဖြင့်လည်း ကြွေးကျန်များကို အမြန်ဆုံးပေး သွင်းစေရေး ကြပ်မတ်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီး ခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန် အခများနှင့် ချေးငွေများအပြည့်အ၀ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။