လပွတ္တာ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို
မေ ၃ ရက် (ကဆုန်လပြည့်နေ့) နံနက်၇နာရီချိန်တွင် မြို့ကျက်သရေဆောင် အောင်တော်မူစေတီတော်ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်ကားစွာ ကျင်းပကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအား ကျင်းပရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ခြံရံလျက် သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် စေတီတော်အား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ကြကာစေတီတော်ပရိဝုဏ်အတွင်း စိုက်ပျိုးထားသည့် ဗောဓိညောင်ပင်အားကဆုန်လ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ သွန်းလောင်းပူဇော်ကြသည်။ ညောင်ရေလာရောက်သွန်းလောင်း ပူဇော်ကြသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ဆက်လက်၍ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူကြကာ အတီးအမှုတ်များဖြင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)