ကံမမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွား

ကံမ   မေ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မင်းပြင်ကျေးရွာအုပ်စု ပုထိုးကျေးရွာတွင် ယမန်နေ့ညနေ (၅)နာရီ(၄၀)မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး ပြိုလဲခြင်း၊ လူနေအိမ်(၁)လုံး သစ်ပင်ပိခြင်းနှင့် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ရာ ကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်း၍ ပျက်စီးမှုများအား ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)