တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေးလျက်ရှိ

တမူး မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို မေ လ (၂) ရက်နေ့နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ အသည်းရောင်အသားဝါ(ဘီ) ၊ မေးခိုင်အသဲရောင်အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကလေးငယ်များ၏ မိဘများကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို လစဥ်လဆန်း (၁) ရက်နေ့မှ (၄) ရက်နေ့ထိ ကိုယ်ဝန်ဆောင်မိခင် (၂၀၀) ဦခန့်နှင့်၊ တစ်နှစ်ခွဲအောက်ကလေးငယ် (၁၉၉၅) ဦးတို့အား ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရှိရသည်။

ရတနာ

တမူးခရိုင် (ပြန်/ဆက်)