ဒေးဒရဲ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တစ်ဦးနှင့် တစ်ဦး ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာပါက အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့မွန်းလွဲ (၁) နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများအား တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံရေး အသိပညာပေးဆွေးနွေးခြင်း၊ ကိုဗစ်-၁၉ သံသယရှိလူနာများအား စမ်းသပ်စစ်ဆေးမည့်နေရာများ၊ ဓာတ်ခွဲအတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင်သီးခြားထားရှိ ကုသပေးမည့်နေရာများနှင့် အောက်ဆီဂျင်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အချိန်မီဆောင်ရွက်ပြီးစီးရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း