မုံရွာမြို့၌ (၇၇)နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပ

မုံရွာ   မေ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်တို့မှ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို  တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇင်မို‌အောင်နှင့်တပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်း ကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ စုစုပေါင်း(၅၆)ဦး စုပေါင်းသွေးလှူဒါန်းနိုင်ခဲ့ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက သွေးလှူဒါန်းသူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ကြည့်ရှုအားပေးခဲ့ကာ သွေးလှူဒါန်းမှုနှင့် စပ်လျဥ်းပြီး ဝမ်းမြောက်စကား ပြောကြားပြီးနောက် အားဖြည့်အစာ အာဟာရများအဖြစ် အားဆေးများနှင့် ကြက်ဥ၊ အချိုရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)