ဟင်္သာတ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်ဦးဆောင်၍ သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်များ စုပေါင်း၍ ယနေ့ နံနက် ၆ နာရီက ဟင်္သာတမြို့ရှိ ဦးပါရဲဘုးရားဝန်း အတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် လက်သမား ရပ်ကွက် ဦးပါရဲဘုရား မြစ်ကမ်းဆိပ်တွင် ဇီဝိတဒါနငါးလွှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ဦးတို့က ဘုရားဝန်းအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဆင်းတုတော်များအား ရေသပ်ပယ်ခြင်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ဦးပါရဲမြစ်ဆိပ်အတွင်းသို့ ငါးမြစ်ချင်းနှင့် ငါးခုံးမ ကောင်ရေ ၁၀၀၀ တို့အား ဇိဝတဒါနငါးလွှတ်၍ ကုသိုလ်ပြုခဲ့ကြပြီးနောက် ခရိုင်မီးသတ်ရုံးတွင် ပင်စင်စား သက်ကြီး မီးသတ်တပ်ဖွဲ့ဝင် ဟောင်းများအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)