လပွတ္တာမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (booster dose) ကာကွယ်ဆေး ထိုး‌နှံပေး

လပွတ္တာ မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံဟောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး booster dose (sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ယနေ့တွင် ပြည်သူ ၁၂၀ ဦးအား booster dose ထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သော ပြည်သူများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)