ကန့်ဘလူ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းက မီးဘေးကြိုတင်ကာကွယ် ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်ရသည့် အကြောင်းရင်းများ၊ မီးလောင်မှုဖြစ်ပွားပါက စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ လူနေအိမ် များ၊ ရုံးများတွင် အသုံးပြုနေသော လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများကို အလေးထားစစ်ဆေးရန်၊ ရပ်ကွက်များ၊ ရုံးများ၊ စာသင်ကျောင်းများတွင် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြပွဲများ၊ မီးသတ်ဆေးဘူးအ သုံးပြုနည်းများ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ အမှိုက်မီးရှို့ခြင်းများ ဆောင်ရွက်မည်ဆိုပါက မိမိတို့ဌာနသို့ ကြိုတင် အကြောင်း ကြားရန်၊ မီးချိတ်၊ မီးဂတ်၊ ရေတဘက်၊ သဲ၊ မီးသတ်ရေနှင့် မီးသတ်ဆေးဘးတို့ကို အဆင့်သင့် ဆောင်ရွက်ထားရှိရန်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဌာန၏လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)