ဟုမ္မလင်း မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးအဖွဲ့မှ ကြီးမှူး၍ ဆန်ကောယက်ပြိုင်ပွဲကို မေလ(၂)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာ အုပ်စု၊ ကက်သာစံပြကျေးရွာ၊ အထက(၁) ကျောင်း၊ သရဖီကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံးစေ့က ဟုမ္မလင်းမြို့နယ်တွင် ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများအဆင်ပြေပြီး အသေးစားကိုယ်ပိုင် ဝင်ငွေရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အမျိုးသမီး(၁၃)ဦးက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထဆု(၅၀၀၀၀)ကျပ်၊ ဒုတိယဆု(၃၀၀၀၀)ကျပ်၊ တတိယဆု (၂၀၀၀၀)ကျပ်၊ အကောင်းဆုနှင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သူ အားလုံးကို ဆုငွေများအား ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံးစေ့နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီးချီမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)