ကေ့ာကရိတ် မေ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းဝေက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို နိုင်ငံတော်ကချမှတ်ထားသည့်စီးပွားရေးမူဝါဒများ ရှေ့လုပ်ငန်းစဥ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်၊ ပြည်နယ်၏ရှေ့လုပ်ငန်းစဥ်နှင့်အညီ ဒေသဖွံဖြိုးရေးနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပေါင်းစပ်ရေးဆွဲထားသည့် ရည်မှန်းချက်ဖြစ်ပါကြောင်းနှင့် အဆိုပါစီမံကိန်းရည်မှန်းချက်ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များသို့ ကဏ္ဍအလိုက်၊ ဌာနအလိုက်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့် စီမံကိန်းရည်မှန်းချက်လုပ်ငန်းများကိုလည်းသတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း လုံခြုံရေးအခြေအနေအရ လုပ်ငန်းဆောင်ရွက်မှုအခက်ခဲဖြစ်ပါက ပြန်လည်တင်ပြကြရေး စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စီမံကိန်းတာဝန်များကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ(ကိုယ်စား) ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့မှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော် ကျော်ဦးမှ မြို့နယ်စီမံကိန်းတာဝန်များကိုပေးအပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ (ကိုယ်စား) မြို့နယ်လယ်ယာ မြေနှင့်စာရင်းအင်းဦးစီးဌာနမှူးမှ လက်ခံရယူကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)