အိမ်မဲ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်သူတိုင်းမဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန်နှင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံကြရန် အသိပညာပေးခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်၈ နာရီတွင်ဆောင်ရွက်ခဲ့သည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သွင်စိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများကပူးပေါင်း၍ စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီး၊ ရွှေဘုံသာလမ်းနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတို့တွင် အပြင်ထွက်သူတိုင်းမဖြစ်မနေပါးစပ် နှာခေါင်းစည်းတပ်ဆင်ကြရန်နှာခေါင်းစည်းအခု (၁၀၀၀) ကိုဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးများကို အပြည့်အဝထိုးနှံကြရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)