သာပေါင်း မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် မေလ ၁ ရက်၊ ည ၁၀ နာရီအချိန်မှ စတင်၍ လှည့်ကင်း ပတ်ကင်းဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်ရန်နောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေး အဖွဲ့များ၊ အမှတ် (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသက်မြင့်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှ ပြည်သူများ ဘဝလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းလှည့်လည်ကာ လှည့်ကင်းပတ်ကင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း