အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm နှင့် Myancopharm များ ထိုးနှံပေးလျက်ရှိ

အိမ်မဲ မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်ရန်အတွက် ကိုဗစ်ရောဂါကာကွယ်ဆေးများ အ​ကြိမ်ပြည့်ထိုးနှံ​ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဆေးမထိုးမှီပြည်သူများအား အပူချိန်တိုင်းခြင်း၊ သွေးပေါ်ချိန်ခြင်းတို့ဆောင်ရွက်ပြီးမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သော Sinopharm နှင့် Myancopharm တို့ကို အပိုထပ်ဆောင်းအနေဖြင့်ထိုးနှံပေးလျက်ရှိသည်။

“ကိုဗစ်ကာကွယ်ဆေးများကို အပိုထပ်ဆောင်းအနေဖြင့်ရပ်ကွက်၊ ကျေးရွာအတွင်းမှာရှိတဲ့​ ပြည်သူများအား ကာကွယ်ဆေးများကို ထိုးနှံပေးတာဖြစ်ပါတယ်။ ဒီနေ့ထိုးပေးတာကတော့ ပြည်သူတွေလည်းပါသလို၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေလည်း ပါပါတယ်။ နောက် ရက်တွေမှာလည်းဆက်လက်ထိုးနှံပေးသွားမှာပါလို့ “အဆိုပါဆေးထိုးစုရပ်မှ ဆရာမတစ်ဦးက ပြောသည်။

ချစ်သက်လယ် (အိမ်မဲ)