လိပ်သို မေ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ကျေးရွာများတွင် မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်မှု မရှိသော်လည်း ကြက်နှင့်ဝက်ကို မွေးမြူသူများပြားလျက်ရှိပြီး အခြားတိရစ္ဆာန်များကို မွေးမြူသူ လွန်စွာနည်းပါးလျက်ရှိကြောင်း သိရသည်။
ယခုကာလတွင် မိသားစု အပိုဝင်ငွေများ ရရှိရန် ကြက်၊ ဝက် အပြင် အခြားတိရစ္ဆာန်များကို တစ်နိုင်တစ်ပိုင် စမ်းသပ်မွေးမြူသူများ တိုးပွားလာပြီး ဘဲနှင့်ဘဲငန်းများကို ဦးစားပေးမွေးမြူမှုမရှိဘဲ ဘဲမျိုးနွယ်ဝင် မန်ဒါလီများကို အဓိက ဉီးစားပေးကာ မွေးမြူသူများ ပို၍ များပြားလာလျက်ရှိသည်။
မန်ဒါလီများ မွေးမြူရာတွင် လွတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် ကုန်ကျစရိတ် သက်သာခြင်း၊ ရာသီဉတုဒဏ် ခံနိုင်ခြင်း၊ ထိန်းသိမ်းရသည့်လုပ်အား သက်သာခြင်း၊ အဆောက်အဉီ ကုန်ကျစရိတ်သက်သာခြင်း၊ လယ်ကွင်းများတွင် စပါး၊ ကြက်၊ ငါး တို့နှင့် တွဲမွေးနိုင်သည့်အတွက် အကျိုးအမြတ်ပိုရကြောင်း လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်နေ မန်ဒါလီ မွေးမြူသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)