ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု ၊ အနောက်စုကြီး ကျေးရွာရှိအကယ်ကွင်း ကွင်းအမှတ် ၁၅၃ (C) ၊ ဦးပိုင် အမှတ် ၊ ၂၈/၁၀ တွင်ပိုင်ရှင် ဦးနေစိုး ၊ ဒေါ်ရီရီမြင့်နှင့် ဒေါ်တင်မိုးလွင် တို့ပိုင်ဆိုင်သော လယ်ဧက များအတွင်း မိုးစပါးရာသီ အတွက် သစ်စိမ့်မြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲနှင့်ကြဲပက်ပွဲ အခမ်းအနားကို မေလ (၁) ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးလှမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်စိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇော်၊ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ခဲ့ကြရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား လယ်ယာမြေများအတွင်း ကြဲပက်ခဲ့ကြသည်။

 အဆိုပါ ပိုက်ဆံလျှော် မျိုးစေ့များအား အကယ်ကွင်းတွင် စုစုပေါင်း(၅)ဧက ကြဲပက်ခဲ့ပြီး ပိုက်ဆံလျှော် (၁)ဧကလျှင် ၄ ပြီ နှုံး ကြဲပက်ခဲ့ပြီး မျိုးစေ့ တစ်ပြည်လျှင် ၃၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။

မဇင် (ပြန်/ဆက်)