သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ First booster (၈၄)၊ Second booster (၂၅၆) ဦးတို့ကို Sinopharm ထိုးနှံ

သာပေါင်း မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား First booster(၈၄)ဦး၊Second booster (၂၅၆) ဦး Sinopharmထိုးနှံနိုင်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ၊ ၂၄ ရက်နေ့တွင်ကျန်းမာရေးဌာနမှ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား Second booster (၃၂) ဦး၊ Third booster(၁၈)ဦး၊ ဧပြီလ၊ ၂၆ ရက်နေ့က First booster (၈၃) ဦး၊ Second booster (၃၂၁) ဦး၊ Third booster (၁၆) ဦး၊ မေလ ၁ ရက်နေ့တွင်First booster (၈၄) ဦး၊ Second booster (၂၅၆) ဦး၊ ပေါင်း(၈၁၀) ဦးတို့ကို (Sinopharm) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ကျန်ရှိပြည်သူများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)