ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း မေ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မေ(၁)ရက်နေ့ နံနက်ပိုင်းက ဆိုင်းဘုတ်စိုက်ထူခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းနှင့် ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးများစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကြိုဆိုမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နံနက်(၇)နာရီခန့်က ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့စခန်း ပန်းခြံလမ်းထိပ် အဏ္ဏဝါရပ်ကွက်၌ (၇၇)နှစ် မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်း၊ နံနက်(၉)နာရီခန့်က ခရိုင်မီးသတ်ဦးစီးမှူး ဦးဇင်ထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ (၉)ဦး စုစုပေါင်း (၂၇)ဦးတို့ဖြင့် သီရိမြိုင်ရပ်ကွက် မြို့ဦးစေတီတော်ရှိ ရပ်တော်မှုဘုရားအား ရေသပ္ပါယ်၍ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်တော်သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)