မြိတ် မေ ၂
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေ အခက် အခဲဖြစ်လျက်ရှိသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ လှူဒါန်းပေးလျက်ရှိရာ မြိတ်မြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ ရေအခက်အခဲဖြစ်နေသည့် ရေပုန်းရပ်ကွက် ပြည်သူများအား နေအိမ်များအရောက် အခမဲ့ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းပေးရာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား ခရိုင်မီးသတ်ဦးစီး ဌာနမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ် (၂)စီးဖြင့် ရေဂါလံ(၄၀၀၀)ကို ရေပုန်းရပ်ကွက်ရှိ ပြည်သူများအား မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် နေအိမ်များအရောက် အခမဲ့ ကုသိုလ်ပြု ရေများ လှူဒါန်းပေးခဲ့ကြသည်။
ထို့အတူ မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရပ်ကွက်/ကျေးရွာများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား ခရိုင်/မြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများမှ သွားရောက်၍ ရေများ အခမဲ့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြပြီး မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်သည့် ပြည်သူမျာအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)